Friday, October 31, 2014

thumbnail

အလွယ်ကူဆုံးနည်းလမ်းဖြင့် Android Application ဖန်တီးခြင်း

 

  • ကျနော် ဒီပို့စ်မှာ Android Application နှင့်ပတ်သက်ပြီး မည်သည့် Coding တွေကိုမှ မသုံးဘဲ၊ သုံးရန်မလိုအပ်သော Application ရေးသားပုံ၊ ရေးသားနည်းကို တင်ပြပေးသွားမှာပါ။ အခုတင်ပြပေးမယ့် နည်းစနစ်ကတော့ Online/ Offline ဖတ်ရှုလို့ ရပါတယ်။
  • ဒီနည်းစနစ်လိုပဲ အခြားသော Android Application ရေးသားနိုင်တဲ့ Link များစွာလည်းရှိပါသေးတယ်။ ကျနော် အခါ အားလျော်စွာ Facebook Wall မှာ Share ပေးလေ့ရှိပါတယ်။ အခု တင်ပြတဲ့ နည်းစနစ်ကတော့ အလွန်ကို လွယ်ကူရိုးစင်းပြီး ဖန်တီးရတာ ပျော်စရာလည်း ကောင်းလို့ တင်ပြပေးလိုက်တာပါ။
  • တစ်ခုတော့ နားလည်ပေးချင်တာက ဒီပို့စ်က Pro တွေအတွက် ရည်ရွယ်ရေးသားတင်ပြပေးခြင်းမဟုတ်ပါ။ အပျော်တမ်း Android apk များ ဖန်တီးချင်သူ Beginner များအတွက်သာ ရည်ရွယ်ပါတယ် ခင်ဗျာ။ :-):-) :-)

  • ကျနော်တို့အနေနဲ့ ပထမဆုံး Android application အဖြစ်ဖန်တီးချင်တဲ့ ဆိုဒ် သို့မဟုတ် Facebook Page၊ Facebook Group တို့ ၏ သက်ဆိုင်ရာ LOGO  ကိုအရင်ဆုံး ကြိုတင်ပြီး ထုတ်ထားလိုက်ရင် တော့ ပိုအဆင်ပြေတာပေါ့ ခင်ဗျာ။ ကျနော် နမူနာအနေဖြင့် http://buddhismbeams.blogspot.com ကို Android Apk ဖန်တီးပြပါမယ်။
  • အောက်ပါပုံမှာ ပြထားသလို ဆိုဒ်ရဲ့ Rss Feed or Atom Feed ကိုယူပါမယ်။ ပုံမှာ ပြထားသည့် အတိုင်း နှိပ်လိုက်ပါ။ (1) ဆိုတဲ့နေရာကို အရင်ဆုံး နှိပ်လိုက်ပါ။ ပြီးရင် More Information ဆိုတဲ့ (2) နေရာကို နှိပ်လိုက်ပါ။
 
  • အောက်ပါပုံအတိုင်း တွေ့ရပါမယ်။ ပုံမှာပြထားသလို ကျနော်တို့အနေနဲ့ Atom Feed ကိုပဲယူယူ၊ Rss Feedကိုပဲယူယူ အဆင်ပြေပါတယ်။ Click လိုက်ပါက Browser နဲ့ ပွင့်သွားပါမယ်။
  • အောက်ပါပုံအတိုင်း တွေ့ရပါမယ်။ အဲဒီ Feed လင့်ကို Copy ယူလိုက်ပါ။
  • ထို့နောက် အောက်ပါပုံမှာ ပြထားသည့်အတိုင်း ဒီနေရာမှာ Sign up လုပ်ပေးလိုက်ပါ။
  • Sign Up လုပ်ပြီးပါက အောက်ပါပုံအတိုင်း Create New Application ဆိုတဲ့ Page ကို ချက်ချင်းရောက်သွားပါမယ်။ ပုံမှာ ပြထားသလို မိမိရေးသားသော Application နှင့်သက်ဆိုင်ရာများကို ဖြည့်ပါ။အထက်မှာ Copy ယူခဲ့သော Atom Feed or Rss Feed ရဲ့ Link ကို သုံးခုမြောက် မျှားနေရာမှာ ထည့်သွင်းပေးလိုက်ပါ။ ထို့နောက် Create App ကိုနှိပ်လိုက်ပါ။
  • ပုံမှာ မြင်ရသလို တွေ့မြင်ရပါမယ်။
  • Icon ကိုတော့ ဆိုဒ်နဲ့ သက်ဆိုင်ရာ ပုံ ကိုထည့်သွင်းပေးလိုက်ပါ။ ထို့နောက် Save Changes ကိုနှိပ်လိုက်ပါ။
  • Icon ကိုထည့်သွင်းပြီးပါက အောက်ပါအတိုင်းတွေ့မြင်ရပါမယ်။ ထို့နောက် Save Changes ကိုနှိပ်လိုက်ပါ။ ပြီးရင် Menu > Tabs ကိုသွားပါ။
  • ပုံမှာ မျှားပြထားသည့်နေရာများအတိုင်း ဖြည့်ပေးပါ။ Check လုပ်ရမယ့်နေရတွေမှာ မသုံးချင်ရင် ဖြုတ်ထားနိုင်ပါတယ်။ Tab Icons ဆိုတဲ့နေရာမှာ မိမိစိတ်ကြိုက် Icon လေးတွေဖန်တီးပြီးထည့်နိုင်ပါတယ်။ဒီနေရာမှာတော့ Default အတိုင်းပဲ လုပ်ပြပေးထားပါတယ်။ နောက်ပိုင်းမိမိစိတ်ကြိုက်ဖန်တီးကြည့်ပါ။
  • နောက်တစ်ဆင့်ကတော့ Settings ဆိုတဲ့ Tab ကိုသွားလိုက်ပါ။ အောက်ပါအတိုင်းမိမိစိတ်ကြိုက် Setting များကို ပြင်ဆင်နိုင်ပါတယ်။ အားလုံးထည့်သွင်းပြီးရင် Save Changes ကိုနှိပ်လိုက်ပါ။
  • Submit ဆိုတဲ့ Tab အောက် Submit to Build ဆိုတာကိုနှိပ်လိုက်ပါ။ မိမိရဲ့ Gmail ကို ကျနော်တို့အခု ဖန်တီးလိုက်သော Apk ဖိုင်ကို ပို့ပေးပါလိမ့်မယ်။ ဒေါင်းယူပြီး Android ပေါ်မှာ Testing လုပ်နိုင်ပါပြီ။
  • တစ်ခု သတိပြုစေချင်တာက ဒီလင့်ကနေ Android apk ဖန်တီးလိုက်တဲ့အခါမှာ မိမိရဲ့ Gmail ထဲသို့ Auto သို့မဟုတ် Default apk ဖိုင်တစ်ခုကို အရင်ဆုံးပို့လေ့ရှိပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ မေးလ်ထဲမှာAppYet (2) or (3) လို့ ဖြစ်မှာသာ မိမိဖန်တီးလိုက်သော application ရဲ့ Setting များအတိုင်းရရှိမှာ ဖြစ်ပါတယ်။
  • ပြည်ပမှာရှိနေတဲ့ Android Application ဖန်တီးချင်သူများကတော့ Google Play မှာ တိုက်ရိုက် မိမိဖန်တီးလိုက်သော Application များကို Market မှာ Publish လုပ်နိုင်ပါတယ်။
  • Facebook Page, Group နဲ့ Personal Facebook Profile များဖန်တီးရန် FB-RSS Feed ထုတ်ယူပုံကိုတော့ ဒီပို့စ်မှာ ဆက်ပြီး မရေးတော့ပါဘူး။ လိုအပ်ရင်ဆက်သွယ်နိုင်ပါတယ်။ :-) :-):-) အားလုံး အဆင်ပြေပါစေ…
  • PDF ဖိုင်ကို ဒီလင့်မှာ ဒေါင်းယူနိုင်ပါတယ်။ အခု နမူနာပြရင်းနဲ့ ထုတ်လိုက်တဲ့ Apk Download Link ပါ။ ပုံတွေကတော့ ဒီ app ရဲ့ Android Screenshot တွေပါ။




 ဒီ Post လေးက သူငယ်ချင်းတို့အတွက် အဆင်ပြေတယ်ဆိုရင် FB Like လုပ်ပေးကြပါခင်ဗျာ... 
Like လုပ်ပေးခြင်းဖြင့် မိမိရဲ့ FB ပေါ်မှာ Post လေးရောက်သွားမှာပါ....
 ကျေးဇူးတင်ပါတယ်....

Subscribe by Email

Follow Updates Articles from This Blog via Email

1 Comments

avatar

အစ်ကိုကျွန်တော်လုပ်တာ RSS/Feed Atom နေရာရှာမတွေ့ဘူး...အစ်ကိုတင်တဲ့ screen shot နဲ့မတူဘူးဖြသစ်နေတယ်...တစ်ချက်ပြန်တင်ပေးပါဗျာ....

Reply Delete

About