ဒီဆော့ဝဲလ်လေးကတော့ မိမိတို့ရဲ့ပုံတွေကို အလှဆုံးဖြစ်အောင် ဖန်းတီးပေးနိုင်ပါတယ်..။ ဖရိန်လှလှလေးတွေလည်း တော်တော်များများပါပါတယ်..။ အောက်မှာတော့ ကျနော်ပုံလေးတွေ အစမ်းထည့်ပြထားပါတယ်..။ သုံးရတာလည်းလွယ်ပါတယ်..။ ကျန်ခဲ့တဲ့ နှစ်ပါတ်ကျော်လောက်က CBox မှာအစ်ကိုတစ်ယောက်တောင်းထားလို့ လိုက်ရှာရင်းနဲ့ နောက်ထပ်လိုချင်တဲ့သူများလည်း သုံးလို့ရအောင် တင်ပေးလိုက်ပါတယ်..။ အစောပိုင်း ရက်တွေကတည်းက တင်ပေးဖို့ပါပဲ.. သူ့ရဲ့ စီရီရယ်ကီးကို လိုက်ရှာရင်းနဲ့ ကြာသွားပါတယ်..။ ဒီနေ့တော့ သူ့ကီးလေး အမှန်ရသွားပါပြီ..။ ဒါကြောင့် ကီးထည့်ပုံလေးကိုလည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 29.59 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကအဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါဗျာ..
ဒေါင်းလော့ချလို့ ရလာတဲ့ဆော့ဝဲလ်ကို အင်စတောလ်ဆွဲထည့်ပြီးတာနဲ့ အောက်ကပုံအတိုင်း နံပါတ်စဉ်တိုင်း ကလစ်ပြီး သူ့ကီးလေးကို သွားထည့်ပေးလိုက်ပါ..
အထဲမှာပါတဲ့ ကီးကို အပေါ်ကပုံအတိုင်း ထည့်ပြီးရင် အဲဒီနေရာမှာပဲ ပြန်ဖွင့်ကြည့်လိုက်ပါ..။ ဒီအောက်ကပုံ အတိုင်း ပြနေရင် ဖူးဗားရှင်း ဖြစ်သွားပါပြီ..
အောက်ကပုံကတော့ သူ့ထဲမှာပါတဲ့ ဘက်ဂရောင်းဖရိန် အနည်းငယ်ကို ပြပေးလိုက်တာပါ..။ အစိမ်းတုံးလေးတွေကို တခုချင်းကလစ်ပြီး မိမိတို့ကြိုက်တဲ့ ဒီဇိုင်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်..။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ...
9:47 AM
Tags :
ဒီဇိုင်နာသီးသန့်
Subscribe by Email
Follow Updates Articles from This Blog via Email
No Comments