How to Verify Paypal with Bank Account
Paypal အကောင့်ကို Verify လုပ်ဖို့အတွက် Payment card နဲ့ ချိတ်တာကို ရေးထားခဲ့ပါပြီ။ အခုတစ်ခါတော့ ကိုယ့်ရဲ့ ဘဏ်အကောင့်နဲ့ ချိတ်ပြိးတော့ Verify လုပ်ရအောင်ပါ။

Bank Name: ကိုယ်ဘဏ်ရဲ့နာမည်ကို ရေးထည့်ပေးပါ။
Account Type: ကိုယ်ဘဏ်အကောင့်ရဲ့ အမျိုးအစားကို ရွေးပေးပါ။ Savings ဆိုတာက ငွေစုတဲ့ အကောင့်အမျိုးအစားပါ။ တခါတလေမှာ Saving အကောင့်ဆိုရင် Paypal နဲ့ ချိတ်ရတာ အဆင်မပြေဖြစ်တတ်ပါတယ်။
Routing Number: ကိုယ်ဘဏ်ရဲ့ Routing Number ကိုထည့်ပေးပါ။
Account Number: ကိုယ့်ဘဏ်အကောင့် နံပါတ်ကို ထည့်ပေးပါ။
Re-enter Account Number: ကိုယ့်ဘဏ်အကောင့် နံပါတ်ကို ပြန်ပြီး ရိုက်ထည့်ပေးပါ။
ပြီးရင် Continue ကို နှိပ်လိုက်ပါ။
ပြီးရင် Confirm in 2-3 days ကို နှိပ်လိုက်ပါ။ အဲဒါဆိုရင် Paypal ကနေ တစ်ဒေါ်လာအောက်နည်းတဲ့ ငွေပမာဏနှစ်ခုကို ဘဏ်အကောင့်ထဲကနေ ဖြတ်ယူသွားပါလိမ့်မယ်။
အဲဒါဆိုရင် ကျွန်တော်တို့ ဘဏ်အကောင့်ကို Paypal နဲ့ချိတ်လို့ ပြီးသွားပါပြီ။ ဒါပေမယ့် Confirm လုပ်ပေးဖို့ လိုပါသေးတယ်။ Confirm လုပ်ပေးဖို့အတွက် Paypal ကနေဖြတ်ယူသွားတဲ့ ငွေပမာဏနှစ်ခုကို သိဖို့လိုပါတယ်။ အဲဒါကို သိဖို့အတွက် နှစ်ရက်လောက် တခါတလေစောင့်ရပါတယ်။ ကိုယ်ဘဏ်ရဲ့ Bank statement ထဲမှာ အဲဒီ ငွေပမာဏနှစ်ခုကို ကြည့်ရပါမယ်။ တကယ်လို့ ကိုယ်အကောင့်လုပ်ထားတဲ့ ဘဏ်က အွန်လိုင်းဘဏ်စနစ်ကို အသုံးပြုတယ်ဆိုရင် ကိုယ့်ဘဏ်အကောင့်ထဲကို ၀င်ပြီးကြည့်လို့ပါတယ်။
ငွေပမာဏနှစ်ခုကို Bank statement ကနေ ဥပမာအနေနဲ့ ပြထားပါတယ်။ အဲဒီနှစ်ခုကို မှတ်ထားလိုက်ပါ။ မှတ်ချက်။ အဲဒီနှစ်ခုကို သိဖို့အတွက် Paypal ကနေ အီးမေးပို့မှာမဟုတ်ပါဘူး။ ကိုယ့်ဘဏ်အကောင့်လုပ်ထားတဲ့ ဘဏ်ရဲ့ bank statement ထဲမှာ ရှာကြည့်ရမှာပါ။
တကယ်လို့ အဲဒီငွေပမာဏနှစ်ကို ရပြီဆိုရင် ကိုယ့် Paypal အကောင့်ကို Login ၀င်လိုက်ပါ။
ပြီးရင် Confirm bank account ကို နှိပ်လိုက်ပါ။
ပြီးရင် အဲဒီငွေပမာဏနှစ်ခုကို Confirm deposits မှာ ဖြည့်ပေးပြီး submit ကို နှိပ်လိုက်ပါ။
အဲဒါဆိုရင် ကျွန်တော်တို့ Paypal အကောင့်ရဲ့ Status မှာ Verified လုပ်ပြီးပြီးဆိုတဲ့ အကြောင်းကို တွေ့ရမှာပါ။

Subscribe by Email
Follow Updates Articles from This Blog via Email
No Comments