Wednesday, September 24, 2014

thumbnail

gmail မရှုံးအောင် Facebook အကောင့်သစ်ဖွင့်နည်း


ရေးပါများလို့ ဒီလိုပို့စ်မျိုးတွေကို
ညည်းငွေ့လာမှာကိုတောင် အားနာမိပါတယ်

မရေးလို့လည်း မဖြစ်ပြန်ပါဘူး ...

ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က
ကျွန်တော့်ရဲ့ Facebook Page မှာ Facebook အကောင့်အတွက်
အခက်အခဲရှိတဲ့ သူငယ်ချင်းတွေကို ကျွန်တော်ကိုယ်တိုင်ဖွင့်ပေးမယ့်အကြောင်း
Status ရေးပေးခဲ့ပါတယ် ...



အဲဒီလိုရေးခဲ့ပြီး သုံးရက်အတွင်း ကျွန်တော့်ရဲ့ email ထဲကို Facebook အကောင့်ဖွင့်ပေးဖို့
ရောက်လာတဲ့စာပေါင်း ၃၂၀ ကျော်ရှိသွားပါတယ် ..

တတ်နိုင်သလောက်တော့ ဖွင့်ပေးနေပါတယ် ...

တစ်ရက်ကိုမှ အကောင့်သုံးခုလောက်ပဲ ဖွင့်နိုင်ပါတယ် ..

Facebook အကောင့်သစ်ဖွင့်ရင်း Security Check မိလို့ ရှုံးသွားတဲ့ gmail တွေလည်း မနည်းမနောပါပဲ
အဲဒီတော့ ခက်ခက်ခဲခဲ အကျော်အခွတွေနဲ့ ဖွင့်ထားရတဲ့ gmail လေးမရှုံးအောင် နည်းလမ်းရှာရပါတယ်
အဲဒီမှာပဲ ဒီနည်းလေးက တော်တော် အသုံးဝင်တာတွေ့လိုက်ရပါတယ် ..

အချိန်တော့ နည်းနည်းကုန်တယ် ..
ဒါပေမယ့် gmail လုံးဝ မရှုံးတော့ပါဘူး

ဘယ်လိုလုပ်သလဲဆိုတော့ Facebook အကောင့်ဖွင့်ရင်း Security Check မိလို့ ရှုံးသွားမယ့် gmail နေရာမှာ
ထိုးကျွေးဖို့ အလွယ်တကူလည်းရ Facebook ကလည်း လက်ခံတဲ့ email တွေထဲမှာ yahoomail နဲ့ hushmail နှစ်မျိုးကို
သွားတွေ့ပါတယ် ..
yahoomail က အကောင့်သစ်ဖွင့်တဲ့နေရာမှာ တော်တော်လေး ကြာတဲ့အတွက် hushmail နဲ့ စမ်းကြည့်တော့
အဆင်တော်တော်ပြေတာတွေ့ရတဲ့အတွက် hushmail နဲ့ပဲ အသုံးပြုလိုက်ပါတယ် ..
အရင်ဆုံး www.hushmail.com ကိုသွားပြီး အကောင့်သစ်ဖွင့်ပါတယ် .. ( ဘာဖုန်းနံပါတ်မှမလိုပဲ Facebook ကလက်ခံတဲ့ hushmail တစ်ခုကို အလွယ်တကူ ရရှိပါတယ်)

အဲဒီ hushmail ကို သုံးပြီး Facebook အကောင့်သစ်တစ်ခုကို ဖွင့်ပါတယ် ..

Security Check မိလို့ Facebook အကောင့် အဆင်မပြေခဲ့ရင်လည်း နောက်ထပ် hushmail အသစ်တစ်ခုကို အလွယ်တကူ ဖွင့်ယူပြီး နောက်ထပ် Facebook အကောင့်သစ်တစ်ခု ထပ်ဖွင့်ပြန်ပါတယ် ..
အဲဒီလိုဖွင့်ရင်း Facebook အကောင့်တစ်ခု အောင်အောင်မြင်မြင် ရသွားပြီဆိုတော့မှ အဲဒီရလာတဲ့ Facebook အကောင့်ရဲ့  Primary Email နေရာမှာ hushmail အစား ကိုယ့်မှာကြိုတင်ပြီး လုပ်ထားတဲ့ gmail ကို အစားထိုးပေးလိုက်ပါတယ်

ဒီတော့ Facebook အကောင့် ဘယ်လောက်ပျက်သွား ပျက်သွား gmail အကောင့်ရှုံးမှာ လုံးဝပူစရာမလိုတော့ဘူးပေါ့ ..

ဒီအတိုင်းပြောပြရင် အရှည်ကြီးဖြစ်နေမှာမို့ အောက်မှာ ဗွီဒီယိုလေးနဲ့ လုပ်ပြထားပါတယ် ...
ကဲ .. အဆင်ပြေပါစေဗျာ နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
Do you like this post? Please link back to this article by copying one of the codes below.
URL:HTML link code:

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About