အခုတင်ပေးတဲ့ Game လေးကတော့ ကျွန်တော်လက်ရှိကစားနေတာပါ။ ကျွန်တော်တင်မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ တရုံးလုံးကညီကိုတွေ အများကြီး ၀ိုင်းကစားနေကြတာပေါ့။ တော်တော်လေးကိုစိတ်ဝင်စား စရာကောင်းပြီး ထမင်းမေ့ဟင်းမေ့နဲ့ ညဖက်သန်းခေါင်ထိအောင် စွဲစွဲမက်မက်ကစား လို့ကောင်းတဲ့ Game တစ်ခုဖြစ်ပါတယ်ဗျာ။ ကျွန်တော်တကယ်ကောင်းလို့ ညွှန်းနေတာပါ။ ကျွန်တော်တင်ပေးလိုက်တာကတော့ Unlimited Diamonds and Money ဖြစ်ပါတယ်။ အကောင်တွေကို စိတ်ကြိုက်ဝယ်ယူနိုင်ပြီး ပါဝါတွေမြင့်အောင် လို့အကောင်တွေကို စုပေါင်းစပ်ပေါင်းနဲ့ ပေါင်းပြီးတိုက်ခိုက်ကစားရမှာပါ။ Game ပုံစံလေးကိုရှင်းပြရမယ် ဆိုရင်တော့ ကျား ၊ ခြင်္သေ့ ၊ ဆင် ၊ ၀က်ဝံ ၊ နဂါး ၊ မိကျောင်း ၊ ကြံ့ အစရှိတဲ့အကောင်တွေ အချင်းချင်း ပါဝါတွေ နဲ့တိုက်ခိုက်ပြီး တစ်ဖက်ရဲ့ ခံတပ်တံတိုင်းကို မီးတွေနဲ့မှုတ်ပြီး ဖြိုဖျက်ရတဲ့ Game တစ်ခုဖြစ်ပါတယ်ဗျာ။ အဆင့်တွေအများကြီးရှိပြီး တစ်ဆင့်ထက်တစ်ဆင့် ပိုပိုခက်ခဲလာပါတယ်။ ကျွန်တော်ကစားနေတာ အဆင့် 286 ဆင့်ရောက်နေပါပြီ ပွဲမပြီးသေးပါဘူး။ ပိုပိုပြီးခက်ခဲလာပါတယ်။ အကောင်တွေကိုတော့ ရွှေနဲ့ဝယ်ရပြီး နဂါးကိုတော့ စိန်နဲ့ဝယ်ရမှာပါ။ ခံတပ်တွေကိုလည်း ပိုမိုခိုင်ခံ့အောင် ရွှေနဲ့ပေးပြီး Upgrade လုပ်ရမှာပါ။ ကျွန်တော်ကတော့ ညွှန်းပြီးသွားပြီဗျာ။ စမ်းပြီးကစားကြည့်ပါ လုံးဝစွဲသွားမယ်ဆိုတာအာမခံပါတယ်ဗျာ။ ဂိမ်းရဲ့ နမူနာပုံစံကိုတော့ အောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
7:55 AM
Tags :
ANDRIOD APP
Subscribe by Email
Follow Updates Articles from This Blog via Email
No Comments