Fake Name generator အသုံးပြုနည်း
ကျွန်တော်တို့တွေ အွန်လိုင်းမှာ (ဥပမာ ဘဏ်အကောင့်တွေ လုပ်တဲ့အခါ) Postal code (စာတိုက်သေတ္တာနံပါတ်) တို့ကို တောင်းတတ်ပါတယ်။ ကိုယ်ပေးလိုက်တဲ့ လိပ်စာနဲ့ Postal code ကို မှန်မမှန်သေချာစစ်ပါတယ်။ လိပ်စာနဲ့ Postal code (Zip code) တွေကို Fake name generator သုံးပြီး ရှာကြည့်ရအောင်ပါ။
ပထမဆုံး http://www.fakenamegenerator.com/ ကို အရင်သွားလိုက်ပါ။
ကျွန်တော်တို့က သုံးခုပဲ ရွေးပေးစရာ လိုပါတယ်။
Gender: အမျိုးသားနာမည်လား ဒါမှမဟုတ် အမျိုးသမီးနာမည်လားဆိုတာ ရွေးပေးပါ။
Name set: ဘာလူမျိုးရဲ့ နာမည်လဲ ဆိုတာကို ရွေးပေးရပါမယ်။ ဒါက အရေးမကြီးပါဘူး။ အကောင့်လုပ်တဲ့အခါကျရင် ကိုယ့်နာမည်ပဲ သုံးလို့ ရပါတယ်။
Country: ဒါကတော့ အရေးကြီးပါတယ်။ ကျွန်တော့်တို့ အကောင့်တွေလုပ်တဲ့အခါမှာ ထည့်မယ့်နိုင်ငံကို ရွေးပေးပါ။ ဒါမှ လိပ်စာနဲ့ Postal code က အဆင်ပြေမှာပါ။
ပြီးရင်တော့ အောက်ဆုံးက Generate ကို နှိပ်ပေးပါ။
အောက်မှာ ထွက်လာတဲ့ပုံကို နမူနာပြထားပါတယ်။ ထုတ်ပေးတဲ့ နာမည်တွေနဲ့ လိပ်စာတွေက တခါနဲ့တခါ မတူပါဘူး။
ကျွန်တော်တို့အတွက် အရေးကြီးတာ လိပ်စာနဲ့ Postal code ပါ။ ပထမမြှားနှစ်ခုက ကျွန်တော်တို့ ရွေးပေးလိုက်တဲ့ Country မှာရှိတဲ့ အိမ်နံပါတ်ရယ်၊ လမ်းနာမည်ရယ်၊ မြို့နာမည်ပါ။ နောက်မြှားထိုးပြီး လေးထောင့်ကွင်းထဲက Postal code ပါ။ တကယ်လို့ LA 70501 ဆိုပါစို့။ (တချို့ဆိုဒ်တွေမှာ ရှေ့က LA ကို ထည့်ပေးစရာမလိုပါဘူး။ ဂဏန်းတွေချည်းပဲ ထည့်ပေးရတာမျိုးရှိပါတယ်။ တကယ်လို့ zip code ကိုမှားတယ်ပြောရင် ရှေ့က LA ဖြုတ်ပြီးတော့ ဂဏန်းတွေချည်းပဲ ထည့်ပေးပါ။ တခါတလေဆိုရင် State တို့ ရွေးတဲ့နေရာ LA ဆိုပြီးရွေးခဲ့ရတယ်ဆိုရင်တော့ ဂဏန်းတွေချည်းပဲထည့်ရဖို့ ပိုများပါတယ်။ နည်းနည်းပြောင်းပြီး ထည့်ကြည့်လိုက်ပါ။ အဆင်ပြေပါလိမ့်မယ်။) တခါတလေ အကောင့်ဖောက်တဲ့အခါမှာ ဖုန်းနံပါတ်တောင်း တတ်ပါတယ်။ အဲဒါဆိုရင် သူ့မှာ ပါတဲ့ ဖုန်းနံပါတ်ကို ထည့်ပေးလို့ ရပါတယ်။
မှတ်ချက်။ ။ Paypal တို့လို အကောင့်ဖောက်တဲ့အခါ အဲဒီမှာ ထုတ်ပေးထားတဲ့ Visa ကဒ်နံပါတ်တွေကို ထည့်ပြီးတော့ Verify လုပ်လို့ မရပါဘူး။

Subscribe by Email
Follow Updates Articles from This Blog via Email
No Comments