Wednesday, August 13, 2014

thumbnail

♪ Telenor က 2G နှင့် 3G အတွက် ဆင်းမ်ကတ် တစ်မျိုးတည်း ရောင်းချမည် ♫

♪ Telenor က 2G နှင့် 3G အတွက် ဆင်းမ်ကတ် တစ်မျိုးတည်း ရောင်းချမည် ♫

Photo: Telenor က 2G နှင့် 3G အတွက် ဆင်းမ်ကတ် တစ်မျိုးတည်း ရောင်းချမည် =============================  စက်တင်ဘာလအတွင်း 2G နှင့် 3G မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ရောင်းချပေးမည့် Telenor သည် ကွန်ရက်နှစ်မျိုးစလုံး အသုံးပြုနိုင်မည့် ဆင်းမ်ကတ်တစ်မျိုးတည်းကိုသာ ရောင်းချပေးသွားမည်ဟု Telenor မှ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။  “ဆင်းမ်ကတ်က တစ်မျိုးတည်းထွက်မှာ။ 2G ဟန်းဆက်ထဲကို ထည့်လိုက်ရင် 2G ဖုန်းလိုင်း ဖြစ်သွားပြီးတော့ 3G ဟန်းဆက်ထဲကို ထည့်လိုက်ရင် 3G ဖုန်းလိုင်း ဖြစ်သွားမှာ”ဟု ၎င်းကပြောသည်။ Telenor သည် ကွန်ရက်နှစ်မျိုး တည်ဆောက်ထားခြင်း ဖြစ်သော်လည်း ဆင်းမ်ကတ်ကို တစ်မျိုးတည်း ထုတ်လုပ်ခြင်း ဖြစ်သည်။ ဆက်သွယ်ရေး အော်ပရေတာများသည် 3G ကွန်ရက်ဆီသို့သာ ဦးတည်လုပ်ဆောင်နေသော်လည်း Telenor သည် ဈေးနှုန်းနိမ့် ဟန်းဆက်များကိုသာ ကိုင်ဆောင်ကြမည့် အခြေခံလူတန်းစားများအတွက် 2G ကွန်ရက်ကို ပူးတွဲတည်ဆောက်ခဲ့သည်ဟု သိရသည်။  အပြည့်အစုံဖတ်ရန် ===> http://www.internetjournal.com.mm/content/14032

စက်တင်ဘာလအတွင်း 2G နှင့် 3G မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ရောင်းချပေးမည့် Telenor သည် ကွန်ရက်နှစ်မျိုးစလုံး အသုံးပြုနိုင်မည့် ဆင်းမ်ကတ်တစ်မျိုးတည်းကိုသာ ရောင်းချပေးသွားမည်ဟု Telenor မှ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

“ဆင်းမ်ကတ်က တစ်မျိုးတည်းထွက်မှာ။ 2G ဟန်းဆက်ထဲကို ထည့်လိုက်ရင် 2G ဖုန်းလိုင်း ဖြစ်သွားပြီးတော့ 3G ဟန်းဆက်ထဲကို ထည့်လိုက်ရင် 3G ဖုန်းလိုင်း ဖြစ်သွားမှာ”ဟု ၎င်းကပြောသည်။ Telenor သည် ကွန်ရက်နှစ်မျိုး တည်ဆောက်ထားခြင်း ဖြစ်သော်လည်း ဆင်းမ်ကတ်ကို တစ်မျိုးတည်း ထုတ်လုပ်ခြင်း ဖြစ် သည်။ ဆက်သွယ်ရေး အော်ပရေတာများသည် 3G ကွန်ရက်ဆီသို့သာ ဦးတည်လုပ်ဆောင်နေသော်လည်း Telenor သည် ဈေးနှုန်းနိမ့် ဟန်းဆက်များကိုသာ ကိုင်ဆောင်ကြမည့် အခြေခံလူတန်းစားများအတွက် 2G ကွန်ရက်ကို ပူးတွဲတည်ဆောက်ခဲ့သည်ဟု သိရသည်။

မြန်နှုန်းမြင့် အင်တာနက်စနစ်ကို အသုံးပြုလိုသူများသည် 3G ကွန်ရက်ကို ထောက်ပံ့ပေးနိုင်သည့် ဟန်းဆက် များနှင့် တွဲဖက်အသုံးပြုရမည်ဖြစ်ပြီး ဘီလ်ဈေးနှုန်းသက်သာစွာဖြင့် ဈေးနှုန်းနိမ့် ဟန်းဆက်များကို အသုံးပြု လိုသူများသည် 2G ကွန်ရက်နှင့် တွဲဖက်အသုံးပြုရမည်ဖြစ်သည်။ Telenor သည် ၎င်းတို့ 3G ကွန်ရက်၌ အင်တာနက်အမြန်နှုန်း 1MB မှ အသုံးပြုသည့် အရေအတွက်ပေါ် မှုတည်၍ 7MB အထိ ရရှိမည်ဖြစ်ပြီး 2G ကွန်ရက်၌ 150KB မှ 250KB အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ကြေညာထားရှိသည်။ ၎င်းတို့သည် စက်တင်ဘာလအတွင်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများတွင် မိုဘိုင်းဖုန်းလိုင်းများ စတင်ရောင်းချပေးမည်ဖြစ်ပြီး အဆိုပါ နယ်မြေများ၌ တာဝါတိုင်ပေါင်း ၈၀၀ မှ ၁,၀၀၀ အကြား တည်ဆောက်ပေးထားမည်ဟု ပြောဆိုခဲ့သည်။

2G နှင့် 3G ကွန်ရက်ကို အဆင်ပြေစွာအသုံးပြုနိုင်သော်လည်း အင်တာနက် အမြန်နှုန်းမှာမူ တူညီမှု မရှိသည့်အတွက် အသုံးပြုခ ဘီလ်ဈေးနှုန်းအနေဖြင့်လည်း တူညီနိုင်မည်မဟုတ်ကြောင်း Telenor ကပြောဆိုထားသည်။

http://www.internetjournal.com.mm/

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About